အင်းတောရွာတွက် စာစီမခက်
ကဗျာသီကုံး ရေးဖွဲ့လိုက်မယ်
အိမ်ထောင်စုပွား လေးဆယ့်ရှစ်ထား
ကျားမရာကျော် ညီညွတ်ကာပျော်
စိတ်ရင်းရိုးသား ရွာမိဘများ
ကိုယ်ကျင့်သိက္ခာ ကောင်းစွာထားလျှက်
လယ်ယာကိုင်းနှင့် သစ်ခွဲရွှေကျင်
မြစ်ရေတင်မှ ရေပေးဝေရင်း
သီးနှံစပါး စိုက်ပျိုးကြ၍
တိုးတက်ကြီးပွား စုဆောင်းကြလို့
ရွာဦးကျောင်းတွင် ပေးဝေလှူဒါန်း
ဒါနပွားလျှက်
ရွာလည်ဧည့်သည် ရောက်လာပြန်လည်းဝမ်းသာအားရ ကြိုဆိုကြလို့
ရွာထွက်သီးနှံ လက်ဆောင်ပါးရင်း
တစ်ခေါက်တစ်ခါ ရောက်လာပြန်လည်း
စကားစုနွှဲ မိတ်ပေါင်းဖွဲ့ကြ
ရွာမိများက တွယ်တာခင်မင်
'အင်းတောရွာ'ပင်။
zinkowin